Multimedia

  • အစိုးရ ဆန့်ကျင်ဆန္ဒပြသူတဦးက ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့ မျက်ရည်ယိုဗုံးကို ပြန်ပစ်နေပုံ။ (ဒီဇင်ဘာလ ၁၊ ၂၀၁၃၊  ဘန်ကောက်၊ ထိုင်းနိုင်ငံ)
  • ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ မျက်ရည်ယိုဗုံး ထိမှန်သွားတဲ့ အစိုးရဆန့်ကျင်ဆန္ဒပြသူရဲ့  မျက်လုံးကို ဆားရည်နဲ့ ဆေးကြောနေပုံ။ (ဘန်ကောက်)
  • ရဲဌာနချုပ်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီးပိတ်ပင်နေပုံ (Steve Herman/VOA)
  • ဘန်ကောက် ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ မျက်ရည်ယိုဗုံးကို ဆန္ဒပြသူတဦးက ပြန်လည်ပစ်ခတ်နေပုံ။
  • အစိုးရရုံး အပြင်ဖက် ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် တိုက်ခိုက်နေစဉ် အစိုးရဆန့်ကျင်ဆန္ဒပြတချို့  အကာအကွယ်ယူနေပုံ။
  • အစိုးရဆန့်ကျင်ဆန္ဒပြသူများ အဓိကရုဏ်းရဲတပ်ဖွဲ့ရဲ့  မီးသတ်ပိုက် နဲ့ မျက်ရည်ယိုဗုံးနဲ့ တိုက်ခိုက်မှုကို ကာကွယ်နေပုံ။
  • ဘန်ကောက်အစိုးရရုံးအနီး အစိုးရဆန့်ကျင်ဆန္ဒပြသူများ နဲ့ ရဲတပ်ဖွဲ့ အပြန်အလှန် တိုက်ခိုက်နေကြစဉ်။
  • အစိုးရဆန့်ကျင်ဆန္ဒပြသူတဦး ထရပ်ကားပေါ်ကနေ လော်စပီကာနဲ့ ဝန်ကြီးချုပ် နုတ်ထွက်ဖို့ တိုက်တွန်းပြောစဉ်နေပုံ (Steve Herman/VOA)
  • ဘန်ကောက်ရဲဌာနချုပ် အပြင်ဖက် သံဆူးကြိုး အတားအဆီးများနဲ့ ရဲတပ်ဖွဲ့ နေရာယူနေပုံ (Steve Herman/VOA)
  • အစိုးရဆန့်ကျင်ဆန္ဒပြသူများက ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ်ရဲ့  လက်ရှိ အစိုးရအပေါ် အာဏာသက်ရောက်မှုအပေါ် လက်မခံ၊ မလိုလားတာကြောင့် ဆန္ဒပြခြင်းဖြစ်ကြောင်း (Steve Herman/VOA)
  • ဘန်ကောက်မြို့ လယ် လမ်းစုံမှာ လူအများ အစိုးရဆန့်ကျင်ဆန္ဒပြသူ တဦးရဲ့  မိန့်ခွန်းကို နားထောင်နေကြပုံ (Steve Herman/VOA)
  • ထောင်ပေါင်းများစွာသော ဆန္ဒပြသူများ ဘန်ကောက်မြို့ လယ်လမ်းမပေါ်မှာ ဝန်ကြီးချုပ် နုတ်ထွက်ဖို့ ချီတက်ဆန္ဒပြ တောင်းဆိုနေပုံ (Steve Herman/VOA)

ထိုင်းဆန္ဒပြမှု အရှိန်မြင့်

Published 01.12.2013

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တဝိုက် အရှိန်မြင့် ဖြစ်ပွားလာနေသော ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြပွဲ မှတ်တမ်းဓါတ်ပုံများ။