အာဆီယံဝန်ကြီးတွေ စပြီး စည်းဝေးနေပြီ
အာဆီယံ ထိပ်သီးစည်းဝေးပွဲကာလအတွင်း ရင်းနှီးမြှုတ်နှံမှုနဲ့ ကုန်သွယ်ရေးကိစ္စတွေကို အလေးထား ဆွေးနွေး ပြောဆိုကြမယ့် တချိန်တည်းမှာပဲ စီးပွားရေး စီမံကိန်းအသစ်တွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ကမ္ဘောဒီးယား ပြည်သူတွေကို လည်း ပစ်ပယ်မထားဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက နိုင်ငံတကာခေါင်းဆောင်တွေကို တောင်းဆိုလိုက်ကြပါတယ်။ တိုင်းပြည်မှာ အစိုးရနဲ့လက်သင့်ရာ စီးပွားရေးလုပ်ငန်းရှင်တွေက လယ်သမားတွေရဲ့မြေယာတွေကို အဓမ္မ သိမ်းယူနေတာ တွေအပေါ် မီးမောင်းထိုးပြတဲ့ လှုပ်ရှားမှုအဖြစ် ဆန္ဒပြပွဲတွေလည်း ကျင်းပနေကြပါတယ်။ ဒီအကြောင်း အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးက သတင်းပေးပို့ထားပါတယ်ရှင်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"