ကမ္ဘောဒီးယား ကမ္ဘာလှည့်ခရီးသွားနဲ့ အန်ကောဝပ်ဘုရားကျောင်း
ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ သမိုင်းဝင် အန်ကော်ဝပ် ဘုရားကျောင်းတွေ ရှိရာကို ခရီးသွားဧည့်သည်တွေ အများအပြား တနေ့တခြား တိုးပြီး လာနေကြတာကြောင့် ဒီ သမိုင်းဝင် အဆောက်အဦးတွေမှာ ပျက်စီးမှုတွေ ရှိလာနေသလို ဒါကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက တောင်းဆိုနေကြပါတယ်။ အန်ကောဝပ် ဘုရားကျောင်းတွေဟာ ၁၂ ရာစုနှစ်က ခမာအင်ပါယာ ရဲ့ ရှေးဟောင်းမြို့တော် Yasodharapura၊ ယနေ့ခေတ်အခေါ် အန်ကော မှာ ဘုရင် Suryavarman နံပတ် (၂) တည်ဆောက်ခဲ့ တဲ့ ကမ္ဘောပေါ်မှာရှိတဲ့ အကြီးဆုံး ဟိန္ဒိူဘုရားကျောင်းဝင်းကြီးလို့ ဆိုကြပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ မခင်ဖြူထွေး က ပြောပြပေးမှာပါ။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"