ဗွီဒီယိုသတင်း

Loading
๑๒:๐๐:๐๐ / -:--:--

လက်ပန်းတောင်း ဆန္ဒပြပွဲအပေါ် ၈၈ မျိုးဆက်အမြင်

Published 29.11.2012

လက်ပန်းတောင်တောင် ကြေးနီစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ကြီးထွားလာနေတာနဲ့အမျှ အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက် အခြေအနေတွေလည်း ပေါ်ပေါက်လာနေပါတယ်။ မြန်မာအစိုးရကတော့ ဆန္ဒပြမှုတွေ အဆုံးသတ်ဖို့ ညွှန်ကြားထားပေမဲ့ ဒါဟာ တကယ်တမ်း ပြဿာနာကို ပြေလည်စေမယ့် ဖြေရှင်းမှုမှ ဟုတ်ပါရဲ့လားလို့ တက်ကြွလှုပ်ရှားသူတွေ မေးခွန်းထုတ်နေကြတာပါ။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင် ရဲ့ သဘောထား အမြင်ကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မာင် ကတွေ့ဆုံမေးမြန်း ထားပါတယ်။

ဗွီဒီယိုသတင်း

ဗွီအိုအေ အမေရိကန်အသံရဲ့ ဗွီဒီယိုသတင်း အစီအစဉ်မှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံ၊ စာပေဂီတ သတင်းဆောင်းပါးများကို တင်ဆက်ပေးထားပါတယ်။