ခရစ္စမတ်ကာလ နဲ့ သင်္ဘောသားတွေရဲ့ဘဝ
ကမ္ဘာတဝှမ်းက ခရစ်ယာန်ဘာသာဝင်တွေဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့မှာ နာတာလူး လို့သိကြာတဲ့ ခရစ္စမတ်တေး သီးချင်းတွေ သံပြိုင် သီဆိုကြ၊ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြ၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူတူ စားကြ သောက်ကြနဲ့ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲကြပါတယ်။ ဒါပေမဲ့လည်း နှစ်ကူးဖို့အချိန် နီးလာတာနဲ့အမျှ မိသားစုရဲ့ အဝေးမှာ ရောက်နေကြသူတွေ အတွက်ကတော့ ခုလို အချိန်မျိုးကို ဖြတ်သန်းရတာ မလွယ်ကူလှပါဘူး။ ကိုးကွယ်တဲ့ဘာသာမရွေး နိုင်ငံတကာက သင်္ဘောသားတွေ အကြား ခရစ္စမတ် စိတ် ဝိညာဉ်တွေ နိုးကြားလာအောင် တက္ကဆက်ပြည်နယ်က ခရစ်ယာန်ဘာသာဝင်တွေက ဘာတွေ လုပ်ပေးနေပါလဲ။ Houston မြို့ကနေ ဗွီအိုအေ သတင်းထောက် Greg Flakus ပေးပို့ထားတဲ့ သတင်းလွှာကို မခင်ဖြူထွေး က ပြောပြပေးပါမယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅
ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅
Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"