မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများ
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ရုတ်တရက် လုပ်ဆောင်လာတဲ့အပေါ် နိုင်ငံတကာရဲ့ ချီးကျူး ပြောဆိုမှုတွေ ရရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ အမေရိကန်သမ္မတ Barack Obama ကိုယ်တိုင် မကြာခင်က လာရောက်ပြီး ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကချင်နဲ့ ရခိုင်ပြည်နယ်တွေအတွင်း မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေသေးတာ၊ တရုတ်ကုမ္ပဏီက လုပ်ဆောင်နေတဲ့ ကြေးနီတောင်စီမံကိန်းအပေါ် ဒေသခံ ပြည်သူတွေက ကန့်ကွက် ဆန္ဒပြနေတာတွေဟာ အစိုးရအတွက်သာမကပဲ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်ပေါ်နေတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Daniel Schearf ဘန်ကောက်မြို့ကနေ ပေးပို့ထားတဲ့သတင်းဆောင်းပါးကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅
ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅
Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"