သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ရေပိုင် နက်ပိုင်ဆိုင်မှု အငြင်းပွားနေဆဲ


တောင်တရုတ်ပင်လယ်နဲ့ပက်သက်ပြီး ရေပိုင်နက်ပိုင်ဆိုင်မှု အငြင်းပွားနေရတဲ့ ကိစ္စက အာဆီယံနိုင်ငံတွေကြား စည်းလုံးညီညွတ်ရေးတည် ဆောက်ရာမှာ အဓိက စိန်ခေါ်နေတဲ့ ကိစ္စဖြစ်တယ်လို့ တရုတ်နိုင်ငံက အခိုင်အမာပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ အခုနှစ်အတွင်းကျင်ပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေး နဲ့ ပက်သက်ပြီး စဉ်းမျဉ်းစည်းကမ်းတွေ ရေးဆွဲဖို့ဆိုတဲ့ ကိစ္စဟာလည်း မအောင်မြင်ခဲ့သလို၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေလည်းရှိခဲ့တာပါ။ ဒီအခြေအနေဟာ သယံဇာတတွေပေါကြွယ်ဝတဲ့ အာရှဒေသတွင်း အင်းအားပြိုင်ဆိုင်မှုတွေဖြစ်လာနိုင်တယ်ဆိုပြီးတော့ ဗွီအိုအေသတင်းထောက် Daniel Schearf က Bangkok မြို့ကနေ သတင်းပေးပို့ထားပါတယ်။ မနန္ဒချမ်းက ပြောပြပေးမှာပါ။

XS
SM
MD
LG