သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Impossible ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား


The Impossible ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား
please wait

No media source currently available

0:00 0:03:15 0:00

လွန်ခဲ့တဲ ရှစ်နှစ်က အိန္ဒိယသမုဒ္ဒရာမှာ လူပေါင်း ၂ သိန်း ၃ သောင်း သေဆုံးခဲ့ရတဲ့ အဖြစ်မှန် ဇတ်လမ်းကို အခြေခံပြီး သရုပ်ဖော်ထားတဲ့ The Impossible ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံတဝန်း စတင်ပြသနေပါပြီ။ ဒီဇာတ်လမ်းဟာ ထိုင်းနိုင်ငံမှာ ဆူနာမီရေလှိုင်းကြီး ရိုက်ခတ်ခဲ့တဲ့အချိန်မှာ အဲဒိကိုအလည်အပတ်ရောက်ရှိနေတဲ့ လူ ၅ ယောက်ရှိတဲ့ နိုင်ငံခြားသားမိသားစုတစ်စု ရဲ့တကယ့်အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခတွေကို ပုံဖော်ထားတဲ့ ပုံရိပ်တွေဟာ ကြည့်ရှုသူတွေအဖို့ပါ အထိတ်တလန့်ဖြစ်စေပါတယ်။ ဒီရေပြန်ကျသွားတဲ့အခါမှာလည်း ဆူနာမီဘေးဒုက္ခခံခဲ့ရသူတွေ အချင်းချင်းအပြန်အလှန်ကူညီကြတာကိုလည်း ဒီဇာတ်လမ်းထဲမှာဖော်ပြထားပါတယ်။ အကြောင်းစုံကိုတော့ ဗွီအိုအေသတင်းထောက် Penelope Poulou သတင်းပေးပို့ထားတာကို မေစန္ဒီက တင်ဆက်ပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG