အမေရိကန်လွှတ်တော်အသစ်
အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်မှာ အခုတပတ်ထဲ စပြီးတာဝန်ထမ်းဆောင်တဲ့ ဥပဒေပြုလွှတ်တော်အမတ်သစ်တွေ ထဲမှာ မျိုးနွယ်စုမတူ၊ ကွဲပြားတဲ့သူတွေ ပိုပြီးပါဝင် လာတာ ကို တွေ့ရပါတယ်။ လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာ နဲ့ ဘာသာရေး ခွဲခြားမှုဆိုတာ တွေလည်း မရှိတော့ပါဘူး။ ဒါဟာ အမေရိကန်နိုင်ငံ ရဲ့ သမိုင်းမှာ တခြားအချိန် ကာလ တွေ နဲ့ ယှဉ်ရင် အခုတကြိမ် လွှတ်တော်မှာ လူမျိုးစုတွေပိုပြီးပါဝင်လာတာပါ။ တကယ်တော့ ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ထဲမှာ အမျိုးသမီးတွေ နဲ့ တခြား မျိုးနွယ်စုဝင် အမတ်ဦးရေက၊ လူဖြူအမျိုးသား လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ထက်ကို ပိုများနေတာ ပါ။ ကွန်းဂရက် လွှတ်တော်ထဲက သမိုင်းတွင်မယ့် ဒီ ဥပဒေပြုလွှတ်တော်အမတ်တွေဟာ အမေရိကန်ပြည်ထောင်စု တွင်း မှီတင်းနေထိုင်ကြသူတွေနဲ့ ပိုပြီး နီးနီးကပ်ကပ်ဆက်ဆံ သွားနိုင်မယ်ဆိုပြီး ဗွီအိုအေ သတင်းထောက် Carolyn Presutti က သတင်းပေးပို့ထားပါတယ်။ ကိုကျော်သိင်္ခက ဆက်ပြီးပြော ပြပေးမှာပါ။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅
ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅
Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"