အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဥပဒေ
Hispanic ခေါ် လက်တင် အမေရိကန် အနွယ်ဝင် အမေရိကန် နိုင်ငံသားတွေ ရဲ့ ထောက်ခံမဲ အများဆုံး ရပြီး သမ္မတ အိုဘားမား ဒုတိယ သမ္မတ သက်တမ်းအတွက် အရွေးခံရပြီး နောက်မှာဘဲ အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ လူဝင်မှု ကြီးကြပ်ရေးမှာ အပြောင်းအလဲ လုပ်မယ်လို့ မျှော်လင့်ရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဧည့်အလုပ်သမား အစီအစဉ်နဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရပေမယ့်လည်း အမေရိကန် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြ သူ အများစုဟာ တရားမဝင် ရွှေ့ပြောင်း နေထိုင်ကြတဲ့ လက်တင် အမေရိကန် အနွယ်တွေ ဖြစ်ကြပါတယ်။ ဒီလို ဖြစ်ရတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ ဧည့်အလုပ်သမား ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ မခိုင်မာတာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်း ဗွီအိုအေ သတင်းထောက် Steve Baragona သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က တင်ပြပေးမှာပါ။
ဗွီဒီယို ကြည့်ရှုရန်
-
၂၄ ဒီဇင်ဘာ၊ ၂၀၂၄
စစ်ခေါင်းဆောင်တက်ရောက်တဲ့ ရေဆင်းတက္ကသိုလ်ရာပြည့်ပွဲ
-
၂၄ ဒီဇင်ဘာ၊ ၂၀၂၄
စံချိန်တင်ဧည့်သည်များနေတဲ့ Santa Claus ရွာကြီး
-
၂၄ ဒီဇင်ဘာ၊ ၂၀၂၄
တနှစ်တာ ထူးခြားဆန်းပြားသတင်းများ
-
၂၄ ဒီဇင်ဘာ၊ ၂၀၂၄
ဂျပန်ဆာကေးအရက်ချက်လုပ်ငန်း အမျိုးသမီးဝင်ရောက်လုပ်ကိုင်သူတိုးလာ
-
၂၄ ဒီဇင်ဘာ၊ ၂၀၂၄
ကမ္ဘာတလွှား ခရစ္စမတ်ကြိုဆိုပွဲများ