သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး
အမေရိကန် ပြည်ထောင်စုမှာ နှစ်စဉ်နှစ်တိုင်း လူ ထောင်နဲ့ ချီ သေဆုံးမှုတွေ ရှိနေတဲ့ သေနတ်ကြောင့်ဖြစ်တဲ့ အကြမ်းဖက် မှုတွေ လျော့ကျအောင် ဆောင်ရွက်ဖို့ ဘယ်လို ဆောင်ရွက်သင့် တယ် ဆိုတဲ့ အကြံပြု တိုက်တွန်းချက်တွေကို ဒုသမ္မတ Joe Biden က မကြာခင် ထုတ်ပြန်ဖို့ မျှော်လင့်ရပါ တယ်။ သေနတ် ထိန်းချုပ်မှုနဲ့ ပတ်သက်တဲ့ နှစ်ပေါင်းများစွာ အခြေအတင် ငြင်းခုန်ဆွေးနွေးမှုတွေ ပြန်လည် အရှိန်ရလာစေတဲ့ မူလတန်း ကလေးငယ်တွေ အများအပြား သေခဲ့ရတဲ့ Connecticut မူလတန်းကျောင်း ပစ်ခတ်မှုဖြစ်ပွားခဲ့အပြီး တလအကြာမှာ ဒုသမ္မတရဲ့ အကြံပြုချက် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Michale Bowman သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးပါလိမ့်မယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"