ဒေါ်စု တောင်ကိုရီးယား ခရီးစဉ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဟာဝိုင်အီခရီးစဉ်အပြီး၊ တနင်္လာနေ့မှာ တောင်ကိုရီးယားနိုင်ငံ ၅ ရက် တာခရီးစဉ်ကို စတင်ခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ ဒေါ်အောင် ဆန်းစုကြည်ဟာ မကြာခင်မှာပဲ တောင်ကိုရီးယား သမ္မတတာဝန် ကို ထမ်းဆောင်တော့မယ့် မစ္စစ် ပတ်ဂွန်ဟဲ၊ တောင်ကိုရီးယား လက်ရှိသမ္မတ အီမြောင်ဘတ်တို့ နဲ့ သီးခြားစီတွေ့ဆုံပြီး၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေး နွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုရီးယားခရီး စဉ်အကြောင်း အသေးစိတ်ကိုတော့ ကိုကျော်သိင်္ခက စုစည်းတင် ပြပေးထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅
ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅
Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"