စီးပွားရေးဆိုင်ရာ လက်ထောက်ဝန်ကြီးနဲ့ VOA
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပိတ်ဆိုမှုတချို့လျှော့ပေါ့ပေး လိုက်ပေမယ့် အဂတိလိုက်စားမှုတွေ၊ မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအရေး၊ တိုင်းရင်းသားဒသေတွေက ပဋိပက္ခတွေ၊ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေရဆဲဖြစ်တာကြောင့် ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းပေးဖို့မဖြစ်နိုင်သေးဘူးလို့ စီးပွားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jose Fernandez ကပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ အခု အမေရိကန် ကုမ္မဏီကြီးတွေက မြန်မာနိုင်ငံမှာ တာဝန်သိရင်းနှီးမြှုပ်နှံမှု အတွက် မြန်မာလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းနိုင်တဲ့အခြေအနေအထိ တိုးတက်မှုတွေဖြစ်ထွန်းလာတာကို ကိုယ်တိုင်တွေ့နေရပြီလို့ မှတ်ချက်ချပါတယ်။ ဒေါ်ခင်စိုးဝင်းက စီးပွားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jose Fernandez ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၂၃ ဒီဇင်ဘာ၊ ၂၀၂၄
အမေရိကန်မှာ ဆင်နွှဲတဲ့ ခရစ္စမတ်ပွဲတော်
-
၂၃ ဒီဇင်ဘာ၊ ၂၀၂၄
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ အာဆီယံ ရပ်တည်ချက်
-
၂၃ ဒီဇင်ဘာ၊ ၂၀၂၄
ဆီးရီးယားဟာ မြန်မာရဲ့ ရှေ့ပြေးလား
-
၂၃ ဒီဇင်ဘာ၊ ၂၀၂၄
အာဏာသိမ်းမှုနောက်ပိုင်း အဂတိ၊ အမှုအခင်းနှင့် ဖြေရှင်းမှုများ
-
၂၂ ဒီဇင်ဘာ၊ ၂၀၂၄
အာရှနိုင်ငံရေး
-
၂၂ ဒီဇင်ဘာ၊ ၂၀၂၄
လက်နက်ချတဲ့ စစ်ကောင်စီတပ်တွေမှာ အောင်စိတ်ပျောက်ဆုံးနေပြီ