အသုံးစရိတ်ဖြတ်တောက်မှု ဂယက်
အမေရိကန်ပြည်ထောင်စုမှာ အစိုးရ အသုံးစရိတ်တွေ မဖြစ်မနေ ဖြတ်ထောက်ဖို့ သမ္မတ Barack Obama သောကြာနေ့ညမှာ လက်မှတ် မထိုးရခင်ထဲက အစိုးရဌာနတော်တော်များများမှာ အသုံးစရိတ်ဖြတ်တောက်ရေး လုပ်ငန်းစဉ်တွေကို စတင်စီစဉ်ခဲ့ကြပါတယ်၊ ဒီအခြေအနေကို ရှောင်လွဲနိုင်ရေး လွှတ်တော်မှာ သဘောတူညီမှု မရတော့တဲ့နောက်မှာ အလိုအလျောက် အသုံးစရိတ်တွေ ဖြတ်ရမဲ့ အခြေအနေ ရောက်တော့မယ်ဆိုတာ သေချာသလောက်ဖြစ်သွားတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတာဖြစ်ပါတယ်၊ အစိုးရအသုံးစရိတ်ထဲက ဒေါ်လာ ၈၅ ဘီလျံလျှော့ချလိုက်ရမဲ့ ဂယက်က စီးပွားရေးအပေါ် ချက်ချင်းကြီး သက်ရောက်မှုရှိမှာ မဟုတ်သေးဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောပေမဲ့ အဲဒီရဲ့ ဂယက်ကတော့ စတင်ရိုက်ခတ်နေပြီဆိုတဲ့အကြောင်း သတင်းထောက် Mil Arcega ရဲ့ သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်၊
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"