Look Good Feel Good
ဓာတ်ကင်တဲ့နည်းနဲ့ ဆေးကုသမှုခံယူနေကြတဲ့ ကင်ဆာဝေဒနာရှင် အများအပြားဟာ ရောဂါသက်သာစေဖို့ အတွက်သာမက ကုထုံးကရလာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။ ဆံပင်ကျွတ်တာ၊ အရေပြားတွေ ပျက်စီးတာလို ပြဿနာတွေကြောင့် ကင်ဆာရောဂါက သက်သာလာပေမဲ့ ရောဂါကို ရင်ဆိုင်ရာမှာ ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ သုတေသနလေ့လာချက်တွေက တွေ့ရှိခဲ့ကြတာပါ။ အခုအခါမှာတော့ နေလို့လည်းကောင်း ကြည့်လို့လည်းကောင်းလို့ အမည်ပေးထားတဲ့ အစီအစဉ်သစ်မှာတော့ ဆေးဝါးနဲ့သာမကတော့ပဲ မိတ်ကပ်အကူနဲ့ပါ ဝေဒနာရှင်တွေကို ကုစားပေးနေပါပြီ။ ဒီအကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် Sarah Zaman သတင်းပေးပို့ထားတာကို မနန္ဒာချမ်း ကတင်ပြပေးထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၉ ဒီဇင်ဘာ၊ ၂၀၂၄
အမေဇုန်ပစ္စည်းပို့ဆောင်မှု ဒရုန်းအသုံးပြု
-
၁၉ ဒီဇင်ဘာ၊ ၂၀၂၄
တပတ်အတွင်း အားကစား
-
၁၈ ဒီဇင်ဘာ၊ ၂၀၂၄
မြန်မာ့အရေး အိမ်နီးချင်းတွေရဲ့ ချဉ်းကပ်မှု (ဦးခွန်ဆိုင်း)
-
၁၇ ဒီဇင်ဘာ၊ ၂၀၂၄
ပြင်သစ်တောင်ပိုင်းက Lyon မီးထွန်းပွဲတော်
-
၁၇ ဒီဇင်ဘာ၊ ၂၀၂၄
ထိုင်းရောက် မြန်မာအလုပ်သမားတွေ အလုပ်လုပ်ခွင့်လျှောက်ဖို့ အခက်ကြုံ