သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့ အပြီးသတ် သဘောတူညီချက် မရသေး


KIO နဲ့ အပြီးသတ် သဘောတူညီချက် မရသေး
please wait

No media source currently available

0:00 0:02:27 0:00

မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မတီနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒုတိယ တကျော့ တွေ့ဆုံဆွေးနွေးပွဲ မနေ့က ပြီးဆုံးသွားပေမယ့် ငြိမ်းချမ်းရေးအတွက် အပြီးသတ် လက်မှတ်ရေးထိုးနိုင်တဲ့ အဆင့်အထိတော့ သဘောတူညီချက် မရခဲ့ကြပါဘူး။ စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးရတဲ့အထိ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့နဲ့ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေကို နှစ်ဘက် စောင့်ကြည့်ရေး အတွက်တော့ သဘောတူညီခဲ့ကြပါတယ်။ ဆွေးနွေးပွဲကို ကိုယ်တိုင် သတင်းသွားယူတဲ့ ဒေါ်ခင်စိုးဝင်းက ရွှေလီကနေ သတင်းပေးပို့ထားပါတယ်။

XS
SM
MD
LG