အိုဘားမား သွားမယ့် အရှေ့အလယ်ပိုင်းခရီး
သမ္မတအိုဘားမား ရှေ့သတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းဒေသကို သွားဖို့ စီစဉ်နေပါတယ်။ အစ္စရေးသိမ်းပိုက်ထားတဲ့ ဂါဇာ အနောက်ဘက်ကမ်းခြေဒေသနဲ့ ဂျော်ဒန်နိုင်ငံတွေဆီကို သွားမယ့် ခရီးစဉ်အတွင်း အဲဒီဒေသအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်ဖြစ်ပေါ်လာရေးအတွက် အဓိကထား ပြောကြားမှာ ဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ နျူလကီလား စီမံကိန်းနဲ့ ဆီးရီးယားရဲ့ ပြည်တွင်း စစ်ပွဲ အရေးကိစ္စတွေလည်း သူ့ရဲ့ ခရီးစဉ် အတွင်း အဓိက ဆွေးနွေးမယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဗွီအိုအေရဲ့ အိမ်ဖြူတော် အကြီးတန်း သတင်းထောက် Dan Robinson ရဲ့ သတင်းပေးပို့ချက်ကို မခွာညိုက ပြောပြပေးပါမယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"