ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရေး နည်းပညာသစ်
ကမ္ဘာအနှံ့က မြို့ကြီးပြကြီးတွေမှာ အလုပ်လုပ်သူတွေဟာ ယဉ်ကြော ပိတ်ဆို့မှုတွေကြောင့် လမ်းတွေပေါ်မှာ အချိန်ကုန်နေကြရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ လော့အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို နဲ့ ဝါရှင်တန်ဒီစီမြို့တော်တွေဟာ ယာဉ်ကြောပိတ်ဆို့မှုအများဆုံးဖြစ်တယ်လို့ Texas ပြည်နယ်က A & M ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ပညာပေးအဖွဲ့အစည်းက ပြောပါတယ်။ တချို့ ယာဉ်မောင်းတွေကတော့ ဒီ ယာဉ်ကြောပိတ်ဆို့တာကို ရှောင်ရှားဖို့ GPS လို့ခေါ်တဲ့ ဂြိုဟ်တုစံနစ်သုံး လမ်းကြောင်းပြ ကိရိယာကို အားကိုးနေရတာပါ။ အခုအခါမှာတော့ ကားကို အိမ်ကနေ စပြီး မထွက်ခင်ကတည်းက ယာဉ်ကြောအခြေအနေကို ကြိုတင်ပြောပြနိုင်မယ့် နည်းပညာသစ်တခုပေါ် လာပါပြီ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Elizabeth Lee လော့စ်အိန်ဂျလိစ်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မေ၊ ၂၀၂၄
သံလွင့်အရှေ့ကမ်း ကရင်နီတပ်ပေါင်းစု ထိန်းချုပ်မှု
-
၁၆ မေ၊ ၂၀၂၄
ကမ္ဘာတလွှား ပြည်တွင်းဒုက္ခသည်အရေအတွက်တိုးလာ
-
၁၆ မေ၊ ၂၀၂၄
အမေရိကန်သမ္မတရွေးကောက်ပွဲ AI သုံး မဲဆွယ်
-
၁၆ မေ၊ ၂၀၂၄
တော်လှန်ရေးအတွက် ပေးဆပ်သူတွေ
-
၁၆ မေ၊ ၂၀၂၄
စစ်ကိုင်းတိုင်းက စိန်ခေါ်မှုများ I ဦးအောင်ခင်