ချယ်ရီပွဲကြိုနေတဲ့ ဝါရှင်တန်
အမေရိကန် ပြည်ထောင်စုမှာ အခုအခါမှာတော့ နွေဦးရာသီကို ကူးပြောင်းခဲ့ပြီဖြစ်ပါတယ်။ မြို့တော်ဝါရှင်တန်ဒီစီကို အလည်လာကြ တဲ့ ခရီးသွားဧည့်သည်တွေကတော့ နွေဦးရာသီရဲ့ အားပျော့တဲ့ အပူချိန်အောက်မှာ ချယ်ရီပန်းတွေကို ကြည့်ရှုခွင့်ရဖို့ မျှော်လင့်နေကြ တာပါ။ ဒါပေမယ့် ဒီနွေဦးရာသီမှာပဲ နှင်းမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ အတွက် ဒီအခြေအနေက ချယ်ရီပန်းတွေကို ကြည့်ရှုဖို့လာကြတဲ့ ခရီးသွားဧည့်သည်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ရာသီဥတုအေးနေသေးပေမယ့် အပြင်ထွက်ပြီး ချယ်ရီပန်းကြည့် ရှုသူတွေကိုတော့ တွေ့နေရပါပြီ၊ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Marcus Harton ရဲ့ သတင်းဆောင်းပါးကို ကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။
ဗွီဒီယို ကြည့်ရှုရန်
-
၂၅ ဒီဇင်ဘာ၊ ၂၀၂၄
လေဖြတ်ရောဂါကုသရေး AI နည်းပညာသစ်
-
၂၄ ဒီဇင်ဘာ၊ ၂၀၂၄
စစ်ခေါင်းဆောင်တက်ရောက်တဲ့ ရေဆင်းတက္ကသိုလ်ရာပြည့်ပွဲ
-
၂၄ ဒီဇင်ဘာ၊ ၂၀၂၄
စံချိန်တင်ဧည့်သည်များနေတဲ့ Santa Claus ရွာကြီး
-
၂၄ ဒီဇင်ဘာ၊ ၂၀၂၄
တနှစ်တာ ထူးခြားဆန်းပြားသတင်းများ
-
၂၄ ဒီဇင်ဘာ၊ ၂၀၂၄
ဂျပန်ဆာကေးအရက်ချက်လုပ်ငန်း အမျိုးသမီးဝင်ရောက်လုပ်ကိုင်သူတိုးလာ
-
၂၄ ဒီဇင်ဘာ၊ ၂၀၂၄
ကမ္ဘာတလွှား ခရစ္စမတ်ကြိုဆိုပွဲများ