ပါကစ္စတန် ရွေးကောက်ပွဲနဲ့ အရပ်သားအစိုးရ
ပါကစ္စတန်နိုင်ငံမှာ လာမယ့်မေလ ၁၁ ရက်နေ့ကြရင် ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲကနေ အစိုးရသစ်တရပ် ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ နိုင်ငံရေး ပြဿနာတွေ ကြုံခဲ့ရတဲ့ ပါကစ္စတန် သမိုင်းမှာတော့ အခုရွေးကောက်ပွဲက အရပ်သားအစိုးရတရပ် ပထမဆုံးအကြိမ် သက်တမ်းပြည့် တာဝန်ယူပြီး ဆန္ဒမဲတွေနဲ့ အာဏာလွဲှပြောင်းနိုင်မယ့် မှတ်ကျောက်တခု ဖြစ်လာမယ့် အလားအလာတွေလည်း ရှိနေတာပါ။ ပါကစ္စတန်နိုင်ငံမှာ စစ်ဖက်နဲ့ အရပ်ဖက်ကြား ဆက်ဆံရေး အပြောင်းအလဲတွေက ရောင်ပြန်ဟပ်လာတဲ့ နိုင်ငံရေး အကျိုးဆက်တွေအကြောင်းကိုတော့ အစ္စလမ်မာဘတ်မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Sharon Behn သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"