ဆီနီဂေါလ် အမျိုးသမီးအလှကုန် အန္တရာယ်
Senegal နိုင်ငံက အမျိုးသမီး လေးပုံတပုံဟာ အသားဖြူစေတဲ့ အလှကုန်ပစ္စည်းတွေကို ပုံမှန်သုံးလေ့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောပါတယ်။ ဒီအလှကုန်ပစ္စည်းတွေဟာ သဘာဝအတိုင်း ဖော်စပ် ထုတ်လုပ်ထားတယ် - ဆိုပေမဲ့ အဲဒီထဲ မှာ မာကျူရီ လို့ ခေါ်တဲ့ ပြဒါး၊ (Hydroquinone) ဒါမှမဟုတ် ဆိုဒီယံ ဟိုက်ဒရောက်ဆိုဒ်လိုမျိုး အသားကို တိုက်စားစေတတ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်ပါတယ်။ ဒီ ဓာတ်ပစ္စည်းတွေဟာ ကင်ဆာရောဂါဖြစ်စေနိုင်ပြီး အရေပြားရဲ့ ရှိရင်းစွဲအလှကိုတောင် ထိခိုက်ပျက်စီးသွားစေနိုင်ပါတယ်။ အသားအရေ လှပဖို့ သုံးစွဲတဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်အကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် Anne Look သတင်းပေးပို့ထားပါတယ်။ မခွာညို က ပြောပြပေးပါ့မယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မေ၊ ၂၀၂၄
သံလွင့်အရှေ့ကမ်း ကရင်နီတပ်ပေါင်းစု ထိန်းချုပ်မှု
-
၁၆ မေ၊ ၂၀၂၄
ကမ္ဘာတလွှား ပြည်တွင်းဒုက္ခသည်အရေအတွက်တိုးလာ
-
၁၆ မေ၊ ၂၀၂၄
အမေရိကန်သမ္မတရွေးကောက်ပွဲ AI သုံး မဲဆွယ်
-
၁၆ မေ၊ ၂၀၂၄
တော်လှန်ရေးအတွက် ပေးဆပ်သူတွေ
-
၁၆ မေ၊ ၂၀၂၄
စစ်ကိုင်းတိုင်းက စိန်ခေါ်မှုများ I ဦးအောင်ခင်