သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီ ပင်လယ်ဓားပြ


ဆိုမာလီ ပင်လယ်ဓားပြ
please wait

No media source currently available

0:00 0:03:27 0:00
တိုက်ရိုက် လင့်ခ်

ဆိုမာလီ ပင်လယ်ဓားပြလို့ စွပ်စွဲခံထားရသူ ၃ ဦးကို ပင်လယ်ပြင်မှာ အမေရိကန် ၄ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဇွန်လ ၃ ရက်နေ့ အမေရိကန် ပြည်ထောင်စုမှာ စပြီး ရုံးတင်စစ်ဆေးမှာဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် သေဒဏ် ကျခံရနိုင်ပါတယ်။ ကမ္ဘာတလွှားက တရားရုံးတွေမှာလည်း ပင်လယ်ဓားပြတွေကို ဖမ်းဆီးစစ်ဆေးပြီး စီရင်ချက်တွေ ချမှတ်နေပါတယ်။ ဒါပေမယ့်လည်း ပင်လယ်ဓားမြတိုက်မှုတွေကနေ အကျိုးအမြတ် အများစု ရယူနေကြတဲ့ ခေါင်းဆောင်တွေကိုတော့ အပြစ်ပေးအရေးယူနိုင်ခြင်း မရှိကြပါဘူး။ ဗွီအိုအေ သတင်းထောက် Mary Alice Salinas ရဲ့ သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက်က ပြန်ပြောပြမှာပါ။

XS
SM
MD
LG