သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး IMF ခန့်မှန်းချက်


မြန်မာ့စီးပွားရေး IMF ခန့်မှန်းချက်
please wait

No media source currently available

0:00 0:04:09 0:00
တိုက်ရိုက် လင့်ခ်

မန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာငွေကြေးပိုင်း ရှေ့အလားအလာဟာ ကောင်းမွန်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်း လိုက်ပါတယ်။ IMFရဲ့ လေ့လာသုံးသပ်ရေး အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံမှာ သီတင်းတစ်ပတ် နီးပါးကြာ လာရောက်ပြီး မြန်မာ့စီးပွားရေးအခြေအနေနဲ့ပတ်သက်လို့ နှစ်စဉ်လုပ်နေကျ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတာတွေ၊ လေ့လာသုံးသပ်တာတွေ လုပ်ခဲ့ပြီးတဲ့နောက် အခုလို ခန့်မှန်းပြောဆိုလိုက်တာပါ။ IMF လေ့လာသုံးသပ်ရေးအဖွဲ့က တွေ့ရှိချက် တွေနဲ့ပတ်သက်လို့ ရန်ကုန်မြို့၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရုံးချုပ်မှာ မနေ့က သတင်းစာရှင်းလင်းပွဲကျင်းပါတယ်။ ကိုကျော်ကျော်သိန်းက ကိုယ်တိုင်သွားရောက်ပြီး သတင်း ပေးပို့ထားပါတယ်။

XS
SM
MD
LG