မြန်မာပြည် GSP ကုန်သွယ်ရေး အထူးခံစားခွင့်
အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံကို GSP လို့ခေါ်တဲ့ ကုန်သွယ်ရေးဆိုင်ရာ အကောက်ခွန် အထူးခံစားခွင့် အခွင့်အရေး ပြန်ပြီး အတည်ပြုနိုင်ဖို့ လူထုကြားနာပွဲတရပ်ကို ဝါရှင်တန်မြို့တော် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနချုပ်မှာ ဂျွန်လ လေးရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီကြားနာပွဲကို မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင်တဦးအဖြစ် တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့် တင်ရေး ဦးစီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးအောင်စိုး က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေး နိုင်ငံတ ကာ စံနှုန်း၊ ဥပဒေ ထိမ်းကြောင်းမှု စတာတွေနဲ့ ပတ်သက် ပြီး စုံစမ်းမေးမြန်းမှုတွေ ရှိခဲ့ပေမယ့် လာမယ့် စက်တင်ဘာလ လောက်မှာ GSP အဆင့်အတန်း ပြန်လည်သတ်မှတ်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း VOA ကို ပြောကြားခဲ့ပါတယ်။ ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်းထားတာပါ။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"