Wilson Center သူရဦးရွှေမန်း ဆွေးနွေးပွဲ
မြန်မာနိုင်ငံ ပါလီမန်လွှတ်တော်အနေနဲ့ လက်ရှိ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေပါ အချက်တွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်တာ၊ ပယ်ဖျက်သင့်တာနဲ့ အစားထိုးသင့်တာတွေ လိုအပ်သလို ဆောင်ရွက်ဖို့ ဆက်လက်လုပ်ဆောင်နေတဲ့အကြောင်း အမေရိကန် ပြည်ထောင်စုကို ရောက်လာတဲ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။ သူ့အနေနဲ့ အမေရိကန် ပြည်ထောင်စုခရီးစဉ်အတွင်းမှာ အမေရိကန်လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဒီမိုကရေစီနည်းကျ ဆောင်ရွက်ချက်တွေကို လေ့လာချင်တယ်လို့လည်း မနေ့ ဝါရှင်တန်မြို့တော် Wilson Center မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ သူရ ဦးရွှေမန်းက ပြောဆိုပါတယ်။ ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၇ ဧပြီ၊ ၂၀၂၄
မြန်မာ့ပြည်တွင်းစစ်နဲ့ ယူကရိန်း ရုရှားကျူးကျော်စစ်
-
၁၇ ဧပြီ၊ ၂၀၂၄
တပတ်အတွင်း အားကစား