သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နှင့် နိုင်ငံတကာရုပ်ရှင်ပွဲတော်


မြန်မာနိုင်ငံကလူငယ်တွေဟာ အလားအလာအများကြီး ရှိသူတွေ ဖြစ်ပြီး အခွင့်အရေးသာရမယ်ဆိုရင် အကောင် အထည်ဖော်နိုင် သူတွေဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါ တယ်။ သူ့ရဲ့ ၆၈ နှစ်ပြည့် မွေးနေ့ကို အထိမ်းအမှတ်ပြုပြီးတော့ ကျင်းပခဲ့တဲ့ လူ့အခွင့် အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲအခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည် က အဲဒီလိုပြောခဲ့တာပါ။ ဒီရုပ်ရှင်ပွဲတော်ကို ကြည့်တဲ့အခါ လူငယ်တွေအပေါ် ယုံကြည်မှုရှိတာ မမှားဘူးဆိုတာကို တွေ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစု ကြည်ကပြောခဲ့တဲ့ ရန်ကုန်မြို့၊ Traders' ဟော်တယ်က ဆုပေးပွဲအခမ်းအနားကို ကိုကျော်ကျော်သိန်းက ကိုယ်တိုင်သွားတက်ပြီး တော့ သတင်းပေးပို့ ထားပါတယ်။

XS
SM
MD
LG