ပညာရေးပြုပြင်ပြောင်းလဲမှု ဒေါက်တာသိန်းလွင် အမြင် (၁)
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဒေသတွင်းမှာတောင် အတော်လေးနိမ့်ကျနေပြီး မြန်မာလူငယ်တွေဟာ ပညာရေးကနေ လိုအပ်တဲ့ ကျွမ်းကျင်အရည်အချင်းတွေ ဘာမှမရကြတဲ့အတွက် ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်နေ တယ်လို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း လုပ်ဖို့လိုအပ်တာတွေကို အချိန်မီ အားစိုက် ပြီး လုပ်ကြမယ်ဆိုရင် အလားအလာကောင်းတွေ ရှိနေပြီးတော့ ဆယ်စုနှစ်တစ်ခုအတွင်းမှာကို ပညာရေးပိုင်းမှာ သိသိသာသာ တိုးတက်အောင်မြင်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ပြောပါတယ်။ မြန်မာ့ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အမျိုးသားပညာရေးမူဝါဒတစ်ရပ်နဲ့ ဥပဒေတစ်ရပ် မကြာခင်မှာပေါ်ထွက်လာဖို့ တွန်းအားပေးလုပ်ဆောင်နေသူတွေ ထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ယက် တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်ကို ရန်ကုန်မြို့ ဗွီအိုအေရုံးမှာ ိုကျော်ကျော်သိန်းက တွေ့ဆုံ မေးမြန်းထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"