သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်လုပ်သူ လယ်ပိုင်ခွင့် ပြန်ရရေး ဆန္ဒပြပွဲ


လယ်လုပ်သူ လယ်ပိုင်ခွင့် ပြန်ရရေး ဆန္ဒပြပွဲ
please wait

No media source currently available

0:00 0:03:04 0:00

ရန်ကုန်တိုင်း မြောက်ဥက္ကလာပနဲ့ မင်္ဂလာဒုံမြို့နယ်တွေက လယ်မြေ အသိမ်းခံထားရတဲ့ လယ်သမားတွေက သူတို့ လယ်မြေတွေကို အစိုးရက မူလပိုင်ရှင်လက်ထဲ ပြန်ပေးဖို့ ပြင်ဆင်လာချိန်မှာ အရင်က စစ်အစိုးရဟောင်းနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေ၊ ရပ်ကွက်အာဏာပိုင်တွေ က အလွဲသုံးစားလုပ်နေတာတွေကို တားမြစ်ပေးဖို့ မနေ့က ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဒီလယ်မြေတွေကို လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ကွင်းဆင်းစစ်ဆေးဖို့နဲ့ ပလပ်မြေ၊ ပြီးတော့ စီမံကိန်း မလုပ်ဖြစ်သေးတဲ့ မြေတွေကို အစိုးရက မူလပိုင်ရှင်တွေလက်ထဲ ပြန်ပေးဖို့ ပြင်ဆင်လာ ချိန်မှာ အလွဲသုံးစားမှုတွေ ရှိနေတယ်ဆိုပြီး ဆန္ဒပြနေကြတာဖြစ်ပါ တယ်။ ရန်ကုန်မြို့ကနေ ကိုကျော်ထင်က သတင်းပေးပို့ထားပါတယ်။

XS
SM
MD
LG