မြန်မာ့အပြောင်းအလဲ နဲ့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ
နိုင်ငံရေး နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဖော်ဆောင်လာနေ တဲ့ မြန်မာနိုင်ငံမှာ လူဦးရေ တဝက်လောက်ကို ကိုယ်စားပြုတဲ့ အမျိုး သမီးတွေအတွက် အခွင့်အရေးတွေ နဲ့ အခွင့်အလမ်းတွေ တိုးတက် ကောင်းမွန်လာစေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို တပြိုင်တည်း လုပ်ဆောင်သွားဖို့ အရေးကြီးတဲ့အကြောင်း အမျိုးသမီးနဲ့ လူ့အခွင့် အရေးလှုပ်ရှားသူတချို့က ထောက်ပြပြောဆိုနေကြပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ ကမ္ဘာတဝှမ်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ကူညီထောက်ပံ့ပေးနေတဲ့ National Endowment for Democracy (NED) အဖွဲ့ရုံးမှာ မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ အခုလိုထောက်ပြခဲ့ကြတာဖြစ်ပါတယ်။ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက အပြည့်အစုံ ပြောပြပေး ထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"