NASA ရဲ့ နေကို စူးစမ်းရေး အစီအစဉ်
အာကာသစူးစမ်းလေ့လာရေး အဖွဲ့ နာဆာက နေကို စူးစမ်းလေ့လာဖို့ လုပ်နေပါတယ်။ နေရဲ့ မျက်နှာပြင်နဲ့ Corona လို့ခေါ်တဲ့ နေမျက်နှာပြင်နဲ့ အနီးဆုံး အောက်ဆုံးဓါတ်ငွေ့လွှာ ကြားမှာရှိတဲ့ ကြားခံနယ်မြေအကြောင်း လူသားတွေ သိပ်မသိသေးတာမို့ ဒီနေရာအတွက် အထူးလေ့လာမှုတွေလုပ်ဖို့ စီစဉ်နေတာပါ။ အိုင်းရစ် (IRIS) လို့ခေါ်တဲ့ ရောင်စဉ်တိုင်းကရိယာပါတဲ့ စူးစမ်းလေ့လာရေး ဂြိုဟ်တုကို ဇွန်လ ၂ရ ရက်နေ့မှာ California ပြည်နယ် Vandenberg လေတပ် အခြေစိုက်စခန်းကနေ လွှတ်တင်ပြီး လေ့လာတာဖြစ်ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Suzanne Presto သတင်းပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅
ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅
Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"