အမုန်းတရား မပြန့်ပွားရေး ဆွေးနွေးပွဲ
မြန်မာနိုင်ငံမှာ အမုန်းတရားပြန့်ပွားအောင် ပြောဆို ရေးသားတာတွေဟာ တိုင်းပြည်သွားနေတဲ့ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေပြီး နိုင်ငံရဲ့ပုံရိပ်ကိုလည်း ထိခိုက်စေတယ်လို့ ပြည်ထောင်စု ဒုတိယဝန်ကြီးတစ်ဦးက ပြောလိုက်ပါတယ်။ အမုန်း တရားတွေကို ပြန့်ပွားအောင် ဘယ်သူကပဲလုပ်လုပ် အမြန်ဆုံးရပ်ဖို့လိုပြီလို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးကလည်း ပြောပါတယ်။ အမုန်းတရားပြန့်ပွားအောင် ပြောဆို ရေးသားမှုများကို တားဆီးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့၊ Chatrium ဟော်တယ်မှာ မနေ့က ဆွေးနွေးပွဲတစ်ခုအတွင်း အဲဒီလို ပြောခဲ့ကြတာပါ။ အပြည့်အစုံကို အဲဒီ ဆွေးနွေးပွဲသွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၂ မေ၊ ၂၀၂၄
အိပ်မက်နဲ့ လက်တွေ့ ထပ်တူမကျတဲ့ ဘဝ
-
၁၁ မေ၊ ၂၀၂၄
Incheon ကောင်းကင်ယံမှာ ဒရုန်းတွေနဲ့ ပုံဖော်အလှပြ
-
၁၁ မေ၊ ၂၀၂၄
ပညာအပြည့်အဝ မရနိုင်ကြသူများ