၈၈၈၈ ငွေရတုအခမ်းအနား အားလုံးပါဝင်ဖို့လို
၈ လေးလုံးဟာ ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုခဲ့တာဖြစ်တဲ့ အတွက် ၈ လေးလုံး ငွေရတုနှစ်ပတ်လည် အခမ်းအနား မှာ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေ အားလုံးပါစေချင်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။ သတင်းမီဒီယာသမားတွေ အပါအဝင် ကျန်တဲ့လူတွေအားလုံးလည်း တာဝန်ဝိုင်းယူပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ရန်ကုန်မြို့၊ M3 ခန်းမမှာ ဗုဒ္ဓဟူးနေ့ကလုပ် ခဲ့တဲ့ ၈ လေးလုံး ငွေရတုနှစ်ပတ်လည် အခမ်းအနားအတွက် အကြံ ယူညှိနှိုင်းပွဲမှာ အဲဒီလိုတိုက်တွန်းခဲ့တာပါ။ အဲဒီပွဲကို ကိုယ်တိုင်သွား ခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထား ပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"