သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ပဋိပက္ခ အမေရိကန် ရပ်တည်ချက်


အီဂျစ်ပဋိပက္ခ အမေရိကန် ရပ်တည်ချက်
please wait

No media source currently available

0:00 0:03:30 0:00

အီဂျစ်နိုင်ငံမှာ အာဏာကနေ ဖြုတ်ချခံခဲ့ရတဲ့ သမ္မတ မော်စီကို ထောက်ခံသူတွေနဲ့ စစ်တပ်ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တဲ့ အတွက် လူပေါင်း ၅၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ နောက် ၁ ရက် အကြာမှာဘဲ ဒီထက်ပိုပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ကြဖို့ မွတ်ဆလင် ညီအကိုတော်များ အဖွဲ့က အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုကလည်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။ အီဂျစ်စစ်တပ်အနေနဲ့ ဒီအခြေအနေတွေကို တည်ငြိမ်အောင် အမြင့်ဆုံး တိုးမြှင့် လုပ်ဆောင်သွားဖို့နဲ့ အုပ်စုတွေ ကွဲနေတဲ့ အီဂျစ်ပြည်သူတွေ အနေနဲ့လည်း အတူတကွ လက်တွဲလုပ်ဆောင်သွားကြဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း အိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေ အကြီးတန်း သတင်းထောက် Dan Robinson သတင်းပေးပို့ထားတာကိုတော့ ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။

XS
SM
MD
LG