သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ်၊ လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်
အနောက်နိုင်ငံတွေက အရင်တုန်းက နှစ်ပေါင်းများစွာ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အထီးကျန် မြန်မာနိုင်ငံနဲ့ အခုအခါမှာ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတာနဲ့ အမျှ အခု မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံး ဗြိတိန်နိုင်ငံ ခရီးစဉ် အတွင်းမှာလည်း ဗြိတိန် ဝန်ကြီးချုပ် David Cameron နဲ့ ကုန်သွယ်ရေးနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အခုလို အနောက်အုပ်စုတွေနဲ့ ဆက်ဆံရေး တိုးတက်လာပေမယ့်လည်း မြန်မာ အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ဆဲ ဖြစ်တယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက ဝေဖန်နေကြတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Henry Ridgwell လန်ဒန်ကနေ သတင်းပေးပို့ထားတာကို အခြေခံပြီး မသိင်္ဂ ီထိုက်က စုစည်းတင်ပြပေးထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"