သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာနိုင်ငံ


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာနိုင်ငံ
please wait

No media source currently available

0:00 0:04:59 0:00

မြန်မာနိုင်ငံမှာ ပြည်ပကနေ လာပြီး ရင်းနှီးမြှုပ်နံှတာတွေထဲမှာ တရုတ်နိုင်ငံဟာ အများဆုံးအချိုးနဲ့ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအများဆုံး ကဏ္ဍဟာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပြီး အဲဒီနောက်မှာတော့ စွမ်းအင်ကဏ္ဍနဲ့ သတ္တုတူးဖော်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံကြပါ တယ်။ ဒါကြောင့်လည်း ဒီကဏ္ဍတွေအပြင် လုပ်သားအင်အား အများအပြားသုံးရတဲ့ တခြားကဏ္ဍတွေမှာပါ ပြည်ပရင်းနှီးမြှုပ်နှံမှု တွေရဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

XS
SM
MD
LG