ဘင်္ဂလားစက်ရုံဘေးကင်းရေး စတင်စစ်ဆေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွန်ခဲ့တဲ့လအနည်းငယ်က လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ အထည်ချုပ် စက်ရုံတွေ အပါအဝင် ကုန်တိုက် အဆောက်အဦး ပြိုကျခဲ့ပြီးတဲ့နောက်၊ လုပ်ငန်းခွင် အခြေအနေတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ အာဏာပိုင်တွေ ကြိုးစားရာမှာ အခက်အခဲတွေ ကြုံနေရဆဲ ဖြစ်ပါတယ်။ ဒေါ်လာ ၂၀ ဘီလျံ တန်ဖိုးလောက်အထိ ဘင်္ဂလားဒေ့ရှ်ရဲ့ ခန့်မှန်းချေ စက်ရုံလုပ်ငန်း ၅,၆၀၀ လောက်ကို ဘင်္ဂလားဒေ့ရှ် အေဂျင်စီ ၅ ခုထက်မနည်းက စစ်ဆေးမှုတွေ စတင်လုပ်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းနေကြတာပါ။ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်း နောက်ဆုံး အခြေအနေတွေကိုတော့ မခင်ဖြူထွေး ကတင်ပြပေးမှာ ဖြစ်ပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"