ကိုရီးယားစစ်ပြီးဆုံးခြင်း နှစ် ၆၀
တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား စစ်ပြေငြိမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးပြီး စစ်ပွဲအဆုံးသတ်ခဲ့တာ နှစ်ပေါင်း ၆၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ၂ နိုင်ငံ မြို့တော်တွေမှာ ဒီသီတင်းပတ်ကုန်က အသီးသီး ကျင်းပခဲ့ကြပါတယ်။ ဆိုးလ်မြို့တော်က အခမ်းအနားမှာတော့ မြောက်ကိုရီးယားရဲ့ အချေအတင်ဖြစ်စရာ နျူကလီးယား အစီအစဉ်တွေကို စွန့်လွှတ်ဖို့ တောင်ကိုရီးယား သမ္မတက တိုက်တွန်းလိုက်သလို၊ ပြုံယမ်းမြို့တော်က အခမ်းအနားမှာတော့ မြောက်ကိုရီးယားက အဆင့်မြင့် လက်နက်တွေ အပါအဝင် စစ်ရေးပြ အခမ်းအနားတွေနဲ့ အင်အားပြခဲ့ကြတာပါ။ ဒီအကြောင်း ဆိုးလ်နဲ့ ပြုံယမ်းမြို့တော်တွေကနေ ဗွီအိုအေ သတင်းထောက်တွေ ဖြစ်ကြတဲ့ Daniel Schearf နဲ့ Steve Herman တို့ရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ ကိုအောင်လွင်ဦး ကတင်ပြပေးထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"