ရှစ်လေးလုံး ငွေရတုအခမ်းအနား စတင်
မြန်မာနိုင်ငံ သမိုင်းမှာ ရှစ်လေးလုံး လူထု ဒီမိုကရေစီ လှုပ်ရှားမှုကြီးနဲ့ ပတ်သက်ပြီး စစ်အစိုးရ အဆက်ဆက် သေးသိမ်အောင် ပုံဖျက် ခဲ့ပေမယ့်လည်း ဒီ လူထု အရေးတော်ပုံရဲ့ အရေးပါမှုနဲ့ သမိုင်းအမှန်ကို ထုတ်ဖေါ်နိုင်ခဲ့ပြီဖြစ်တဲ့ အကြောင်း ရှစ်ဆယ့်ရှစ်မျိုးဆက် ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ မနေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် MCC ခမ်းမမှာ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု ငွေရတု အထိမ်းအမှတ် အခမ်းအနား စတင် ကျင်းပပြီး ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ တက်ရောက်ပါတယ်။ အခမ်းအနားအကြောင်း VOA သတင်းထောက် ကိုအောင်ရဲမောင်မောင်က ရန်ကုန်မြို့ သတင်းပေးပို့ထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"