ကလေးစစ်သားစုဆောင်းမှု ကျန်နေဆဲ
အသက် ၁၅ နှစ်အရွယ် သူတို့ရဲ့သားလေးကို စစ်တပ်ထံ ရောင်းစားခံရလို့ ပြန်လွတ်ပေးဖို့ သက်ဆိုင်ရာ တပ်ရင်းက တာဝန်ရှိသူ အရာရှိထံမှာ တောင်းဆိုပေမယ့် အခုချိန်ထိ ပြန်လွတ်ပေးခြင်း မရှိသေးဘူးလို့ ကလေးမိခင်တဦးက ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ ကလေးစစ်သား စုဆောင်းနေတာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂအဖွဲ့နဲ့ သဘောတူ စာချုပ် ချုပ်ဆိုထားပေမယ့် နည်းမျိုးစုံနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ စစ်တပ်ထဲ ရောင်းစားခံနေကြတုန်းဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ VOA ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးဖို့ထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"