ချင်းပြည်နယ် သတ္တုတူးဖေါ်ရေး
မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်ကြတဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေဟာ ဒေသခံလူထုရဲ့ နှစ်သက် လက်ခံမှုမရှိရင် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ချင်းအမျိုးသားတိုးတက်ရေးပါတီဥက္ကဌ ဦးဇိုဇမ်က ပြောပါတယ်။ ချင်းပြည်နယ် တီးတိန်မြို့နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့အကြားမှာရှိတဲ့ မြွေတောင်မှာ တရုတ်ကုမ္ပဏီက သတ္ထုစီမံကိန်းလာရောက်လုပ်ကိုင်မှာနဲ့ ပတ်သက်လို့ ချင်းအမျိုးသား နိုင်ငံရေးပါတီ ၄ ပါတီက ဒေသခံတွေရဲ့ သဘောထားတွေကို သွားရောက်လေ့လာပြီး တွေ့ရှိချက်တွေကို စက်တင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၃ မေ၊ ၂၀၂၄
စစ်ကောင်စီလက်အောက် မြန်မာ့သတင်းမီဒီယာအခင်းအကျင်း
-
၁၃ မေ၊ ၂၀၂၄
ကန်အကူအညီပေးရေးသေင်္ဘာ ဂါဇာဆီထွက်ခွာ
-
၁၃ မေ၊ ၂၀၂၄
နွေဦးပန်းပွဲတော်