ပုဂံမြို့ သစ် စားသောက်ဆိုင်များနဲ့ ဘီယာလိုင်စင်
မန္တလေးတိုင်း ပုဂံမြို့သစ်အတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ ဘီယာရောင်းချခွင့် လိုင်စင် ချပေးတာနဲ့ပတ်သက်ပြီး ဆိုင်ပိုင်ရှင်တွေအကြား မကြေနပ်မှုတွေ ထွက်ပေါ်နေပါတယ်။ ရောင်းချခွင့် လိုင်စင်ချပေးတဲ့နေရာမှာ ဆိုင်ပေါင်း ရာကျော် ရှိတဲ့အထဲက ၃ ဆိုင်ကိုသာ ရောင်းချခွင့်လိုင်စင် ချပေးခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တရားမျှတစွာ ဆုံးဖြတ်ခဲ့ခြင်းမရှိဘူးဆိုပြီး ဆိုင်ပိုင်ရှင်တွေအကြား ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ပုဂံမြို့မှာ သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"