ဟုန်ရှင်း အအေးခန်း အလုပ်သမားသပိတ်
အလုပ်ရှင်က အလုပ်သမားတွေကို အသိပေး အကြောင်းကြားခြင်းမရှိပဲ ရုတ်တရက် စက်ရုံပိတ်ပစ်ဖို့ စီစဉ်တာကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့မှာ သြဂုတ်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းကတည်းက ဆန္ဒပြနေကြတဲ့ ဟုန်ရှင်း အအေးခန်း အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် အခု ပြေလည်သွားပြီဖြစ်ပါတယ်။ နှစ်ဖက် ပြေလည်မှု ရသွားပြီဖြစ်တဲ့အတွက် အလုပ်သမားတွေက သူတို့ရဲ့သပိတ်စခန်းကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"