အရှေ့အလယ်ပိုင်းအရေး ဒေသတွင်းခေါင်းဆောင်တွေနဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးဆွေးနွေး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE သမ္မတ Sheikh Mohammed bin Zayed Al Nahyan အပါအဝင် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Mohammed bin Salman တို့နဲ့ ဒီကနေ့ တွေ့ဆုံပြီးနောက် အစ္စရေးနိုင်ငံကို ဆက်ပြီး သွားရောက်ဖို့ စီစဉ်ထားပါတယ်။