ရိုဟင်ဂျာအရေး ICC ရှေ့နေချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး
နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရှေ့နေချုပ် Karim Khan နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammed Hasan Mahmud တို့ နယ်သာလန်နိုင်ငံ The Hague မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအခြေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရေးကိစ္စတွေ ဆွေးနွေးတဲ့အကြောင်း X လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။