ရုရှားကို ဒရုန်း ၁၀၀ ကျော်နဲ့ ယူကရိန်းတိုက်ခိုက်
ရုရှားနိုင်ငံ အနောက်ပိုင်းဒေသတွေမှာ ဒီကနေ့ ယူကရိန်းက ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၁၀၀ ကျော်ကို လေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ်ပစ်ချခဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံမှာ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ထိမှန်ရာက လူ ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။