သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယုံကြည်မှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ ထိုင်းခရီးစဉ်မှာ ဒေါ်စုပြောကြား


ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ အုပ်စုတွေကြား အောင်မြင်တဲ့ ပန်းတိုင်တခု ကို ရောက်ဖို့ဆိုရင် နိုင်ငံတွင်း ပဋိပက္ခတွေကို ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှုတွေအဖြစ် ပြောင်းလဲပစ်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

“၁၉၄၈ ခုနှစ်မှာ လွတ်လပ်တဲ့နိုင်ငံဖြစ်လာချိန်ကတည်းက ကျမတို့နိုင်ငံတဝန်းမှာ ငြိမ်းချမ်းရေးရှိထားတယ်လို့ မပြောနိုင်ပါဘူး။ ပဋိပက္ခတွေက အမြဲလိုရှိနေခဲ့တာပါပဲ။ အခုတော့ အဲဒီပဋိပက္ခတွေကို ဖယ်ရှားနိုင်ဖို့ လုပ်နေပါပြီ။ ပဋိပက္ခကို ချစ်ကြည်ရင်းနှီးမှုအဖြစ်၊ ပဋိပက္ခကို အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှု အဖြစ် ပြောင်းလဲပစ်ဖို့ လုပ်နေပါပြီ။ မတူကွဲပြားတဲ့ အုပ်စုတွေအကြား၊ လူပုဂ္ဂိုလ်တွေအကြား၊ နိုင်ငံတွေအကြားမှာ ဘယ်လို အောင်မြင်တဲ့ ပန်းတိုင်မျိုးမဆို ရဖို့ ယုံကြည်မှုက အခြေခံ ပါပဲ။ ဒါကြောင့် ယုံကြည်မှုရအောင် တည်ဆောက်ဖို့ လိုပါတယ်။ ယုံကြည်မှုကို လူငယ်တွေက အကောင်းဆုံး တည်ဆောက်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်တွေဟာ အစွဲအလန်းနဲ့ ဘက်လိုက်တာတွေကနေ ကင်းဝေးလို့ဖြစ်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ် ဒုတိယနေ့ဖြစ်တဲ့ ဒီကနေ့ ဘန်ကောက်မြို့ ထိုင်းနိုင်ငံခြားရေးဌာန မှာ သီးခြား ဖိတ်ခေါ်ထားတဲ့ ထိုင်းနဲ့မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းသားတွေ ကိုပြောတဲ့မိန့်ခွန်းထဲ အဲဒီလိုပြောသွားတာပါ။ ဒီကနေ့ ညနေပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သလို ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ပတ်သက်တဲ့ နှစ်နိုင်ငံကြား သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG