သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖန်လုံအိမ် ဓာတ်ငွေ့ထိန်းချုပ်ရေး သဘောတူညီမှု ရလုနီးပြီ


Rawanda နိုင်ငံ Kigali မှာ ကျင်းပတဲ့ သောကြာနေ့ ညီလာခံ တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး နဲ့ အိန္ဒိယ ကိုယ်စားလှယ်တွေ့ဆုံစဉ်။ ( အောက်တိုဘာ ၁၄၊ ၂၀၁၆)
Rawanda နိုင်ငံ Kigali မှာ ကျင်းပတဲ့ သောကြာနေ့ ညီလာခံ တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး နဲ့ အိန္ဒိယ ကိုယ်စားလှယ်တွေ့ဆုံစဉ်။ ( အောက်တိုဘာ ၁၄၊ ၂၀၁၆)

ရေခဲသေတ္တာတွေနဲ့ လေအေးပေးစက်တွေမှာ သုံးနေတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့တွေ ထုတ်လွှတ်မှု မရှိစေဖို့ သဘောတူညီချက်တခုရလာတော့မှာ ဖြစ်ကြောင်း Rawanda မှာ ကျင်းပနေတဲ့ ဥတုရာသီဆိုင်ရာ ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက အပြုသဘောဆောင်တဲ့ အမြင်တွေကို ထုတ်ပြောကြပါတယ်။

တက်ရောက်တဲ့ နိုင်ငံတွေ အနေနဲ့ ဒီဖန်လုံအိမ်ဓါတ်ငွေ့ သုံးစွဲမှု အဆုံးသတ်စေမယ့် ကန့်သတ်ရက်တွေ တနိုင်ငံနဲ့ တနိုင်ငံ မတူပဲ သတ်မှတ်ဖို့ သဘောတူလာ နိုင်တာမို့ ဒီပြဿနာ အဖြေရှာရေးအတွက် မျှော်လင့်ချက်တွေ တိုးလာတယ်လို့ Rawanda နိုင်ငံ Kigali မှာ ကျင်းပတဲ့ သောကြာနေ့ ညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တခြား အနောက်နိုင်ငံတွေက ၂၀၂၁ ခုနှစ်မှာ hydro fluoro carbons (HFCs) တွေ လုံးဝမသုံးတော့ပဲ ပပျောက်အောင် စတင်လုပ်ဆောင် ချင်နေကြတာပါ။ အိန္ဒိယလို တခြားနိုင်ငံတွေကတော့ ဒီကိစ္စကို တဖြေးဖြေးပဲ လုပ်ဆောင်ဖို့နဲ့ ၂၀၃၀ နောက်ပိုင်းကျမှ လျှော့ချဖို့ လုပ်ချင်နေတာ ဖြစ်ပါတယ်။

နိုင်ငံပေါင်းစုံ ပါဝင်ပြီး ကြိုးပမ်းရမယ် ဆိုတဲ့ သဘောကို မေ့ထားခွင့်နဲ့ အခုလုပ်ဆောင်နေမှုတွေကို နောက်ပြန်ဆုတ်ခွင့် ဘယ်နိုင်ငံမှာမှမရှိဘူး လို့ ဝန်ကြီးကယ်ရီက ပြောကြားခဲ့သလို အခုလို ဖြန်းဆေးတွေမှာပါ သုံးတဲ့ hydro fluoro carbons (HFCs) အသုံးကို တားမြစ်ပိတ်ပင်တာဟာ ဒီရာစုနှစ်အကုန်လောက်မှာ ကမ္ဘာ့အပူချိန် ဝ.၅ ဒီဂရီလောက် တိုးလာမယ့် အရေးကို နှေးကွေးသွားစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG