သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတTrump ရုရှားမှာ လူကြိုက်များ


အမေရိကန်သမ္မတသစ် Donald Trump နဲ့ Russian သမ္မတ Vladimir Putin
အမေရိကန်သမ္မတသစ် Donald Trump နဲ့ Russian သမ္မတ Vladimir Putin

Russian သမ္မတ Vladimir Putin နဲ့ အမေရိကန်သမ္မတသစ် Donald Trump တို့ စနေနေ့မှာ တယ်လီဖုန်းနဲ့ဆက်သွယ် စကားပြောကြဖို့ရှိနေတာနဲ့အတူ Mr. Trump ဟာ အမေရိကန်မှာထက် ရုရှားမှာ ပိုပြီးလူကြိုက်များနေပါတယ်။ ရုရှားအစိုးရ သတင်းမီဒီယာတွေမှာ ထူးထူးခြားခြား Mr. Trump နဲ့ပါတ်သက်လို့ အကောင်းမြင်ဖော်ပြမှုတွေကြောင့်လည်း ခုလိုရုရှားတွေကြား သမ္မတ Trump ရေပန်းစားနေတာပါ။

နောက်ဆုံးကောက်ခံထားတဲ့ Gallup စစ်တမ်းမှာ သမ္မတဖြစ်လာသူတယောက် အတွက် စံချိန်တင်အနည်းဆုံး လူထုထောက်ခံမှု ၄၅% ကိုပဲ သမ္မတ Trump ရရှိထားပါတယ်။ ဒါပေမဲ့ရုရှားအစိုးရရဲ့ VTsIOM စစ်တမ်းဌာနရဲ့ စစ်တမ်းအရ Mr. Trump ကို ကောင်းတဲ့အမေရိကန်သမ္မတ ဒါမှမဟုတ် အကောင်းဆုံး အမေရိကန်သမ္မတအဖြစ်မြင်သူ ၄၀% ရှိပြီး ၃၁% ကတော့ ယေဘူယျဖြစ်မယ် လို့ ဖြေကြပါတယ်။

ဆိုးတဲ့သမ္မတအဖြစ် မြင်ကြသူကတော့ စစ်တမ်းအရ ၄% ပဲရှိပါတယ်။ ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲ ကာလတလျှောက်လုံး ရုရှားအစိုးရထိန်းချုပ်တဲ့ သတင်းမီဒီယာတွေမှာ Mr. Trump နဲ့ပါတ်သက်တဲ့ ဖော်ပြချက်တွေကြောင့် ခုလို Russia ပြည်သူအများရဲ့ ထောက်ခံမှုကို ရနေတာဖြစ်ပါတယ်။

သမ္မတမဲဆွယ်ပွဲတလျှောက် Donald Trump အပေါ် အနီးကပ်စောင့်ကြည့်သူ၊ အားပေးသူ ရုရှားလောက် ကမ္ဘာမှာ တခြားဘယ်နိုင်ငံမှာ မရှိဘူးလို့အစိုးရရဲ့ Russia Today သတင်းဌာနအကြီးအကဲက ပြောခဲ့ပါတယ်။ သမ္မတကျန်းကျိန်ပွဲနောက်ပိုင်းမှာလည်း အမေရိကန်သမ္မတအပေါ် အကောင်းမြင်ဖော်ပြမှုတွေကို ရုရှားအစိုးရသတင်းမီဒီယာတွေမှာ ဆက်ပြီးဖော်ပြနေကြပါတယ်။

ကန်သမ္မတTrump ရုရှားမှာ လူကြိုက်များ
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG