သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စောမူတူးစေးဖိုး KNU ဥက္ကဋ္ဌ ပြန်ဖြစ်ဖွယ်ရှိ


လောခီးလာမှာ ကျင်းပနေတဲ့ KNU ကွန်ကရက်။
လောခီးလာမှာ ကျင်းပနေတဲ့ KNU ကွန်ကရက်။

၁၆ ကြိမ်မြောက် (KNU) ကရင်အမျိုးသားအစည်းအရုံး ကွန်ကရက်ရဲ့ရွေးကောက်ပွဲ ဒုတိယနေ့ ကျင်းပခဲ့ရာမှာ အမြဲတမ်းကိုယ်စားလှယ် ၁၄ဦးနဲ့ အတူကိုယ်စားလှယ် ၄၁ဦးနဲ့ ရွေးချယ်ခဲ့ရာမှာ ၁၅ကြိမ်မြောက် ကွန်ကရက်ရွေးချယ်ခံရတဲ့ ထိပ်ပိုင်းခေါင်းခေါင်းဆောင်တချို သာ ရွေးချယ်ခံရပြီး နာမည်ရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကတော့ ရွေးချယ်မခံရတော့ပါဘူး။ ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးကနေ ရွေးချယ်ခံ ကိုယ်စားလှယ်၂၁၇ဦးထဲ ဧပြီလ၆ ရက်နေ့က ကိုယ်စားလှယ် ၆၀ကို ရွေးချယ်ခဲ့ြ့ပီးနောက် ရွေးကောက်ပွဲ ဒုတိယနေ့မှာတော့ ကိုယ်စားလှယ် ၄၁ဦးကို ထပ်မံရွေးချယ်ခဲ့ပါတယ် ဒီထဲမှာ အရင်ကေအန်ယူဥက္ကဋ္ဌဟောင်းနဲ့စောမူးတူးစေဖိုးနဲ့ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းတို့ ပါဝင်ခဲ့ပေမဲ့ အရင်တပ်ပိုင်းခေါင်းဆောင် ၅ဦး ထဲက ၃ဦးကတော့ ရွေးချယ်မခံရတော့ဘူးလို့ကေအန်ယူရဲ့ ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး နန့်ဖောဂေကပြောပြပါတယ်။

" ဥပဒေထဲမှာ ၁၁ဦးထဲမှာ ပြောမယ်ဆိုရင်တော့စောမူးတူးစေဖိုး ပြန်ပါတယ်။ နောက်ပြီးတော့ ဖဒိုစောကွယ်ထူးဝင်းပါတယ်။ နောက် မန်းငြိမ်းမောင်။ အဲ့တာတွေတော့ ပြန် ပါတယ်။ ဖဒိုမန်းမန်းရယ်..နော်စီဖိုးရာစိန်ရယ် ပြန်မပါလာတော့ဘူး။ ပြန်မပါလာတော့ဘူးဆိုတော့ ဗဟိုအမြဲတမ်းကော်မတီမှာ သူတို့ပြန်မပါလာတော့ဘူးဆိုတော့ CEC မှာဗဟိုအလုပ်အမှုဆောင် ၁၁ဦး ရွေးကောက်မယ့် အထဲ မပါလာတော့ဘူးဆိုတော့ ကျန်ခဲ့ပြီလေ။"

ခရိုင်ဥက္ကဋ္ဌ တပ်မဟာမှူးတွေပါဝင်တဲ့ ကိုယ်စားလှယ် ၅၅ဦး ထဲက အလုပ်အမူဆောင် ၁၂ဦးကို ထပ်မံရွေးချယ်မှာပါ ဒါပေမဲ့ အဲဒါတွေကို မရွေးချယ်ခင်မှာ ထိပ်ပိုင်းခေါင်းဆောင် ၅ဦးကိုရွေးချယ်မှာဖြစ်ပြီး အဲဒီ ၅ဦးကတော့ ကျန်တဲ့ ဗဟိုကော်မဝင်၆ဦးကိုရွေးချယ်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

"အဲ့ဒီ့ ၅၅ဦးထဲမှာဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၁ဦး ပြန်ထွက်လာမယ် ဆိုတော့ အဲ့ဒီ့ ၁၁ဦးထဲမှာ ကြီးငါးကြီးပါမယ်။ နောက် အဲ့ဒီ့ ၁၆ဦးကို ကြီးငါးကြီးကနေပြီးတော့ ပြန်ပြီးတော့ ရွေးချယ်မယ်ပေါ့နော်။"

နောက်ရက်တွေမှာတေ့ာ ကေအန်ယူထိပ်ပိုင်းခေါင်းဆောင်ပိုင်း၅ဦးကိုရွေးချယ်မူတွေလုပ်တဲ့အခါမှာတော့ ဘယ်သူတွေပါဝင်မလဲဆိုတာကို ကရင်လူထုတွေကြားမှာလည်းစိတ်ဝင်တစားစောင့်ကြည့်နြေ့ကပါတယ် ဒါအပြင် နောက်ရက်တွေမှာပဲ ဗဟိုတရားသူကြီးချုပ်ကိုလည်း အမြဲတန်းကော်မတီဝင် ၅၅ဦးကနေ ရွေးကောက်ပွဲအရ လျိုဝှက်မဲစံနစ်နဲ့ ရွေးချယ်ခန့် အပ်သွားမှာဖြစ်ပြိး လက်ရှိတရားသူကြီးချုပ်ကတော့ ဖဒိုနော်မြိုင်ဖိုးဖြစ်ပါတယ်။ ကေအန်ယူရဲ့ အမြဲတမ်းဗဟိုကေ်ာမတီဝင် ၅၅ဦးထဲမှာေတော့ ကရင်အမျိုးသမီး ၅ဦးပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG