သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကေအန်ယူဥက္ကဌအဖြစ်ပြန်အရွေးခံရ


ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကေအန်ယူဥက္ကဌအဖြစ်ပြန်အရွေးခံရ
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကေအန်ယူဥက္ကဌအဖြစ်ပြန်အရွေးခံရ

၁၆ ကြိမ်မြောက် (KNU) ကရင်အမျိုးသားအစည်းအရုံး ကွန်ကရက်ရဲ့ရွေးကောက်ပွဲတတိယနေမှာတော့ ထိပ်ပိုင်းခေါင်းဆောင် ၅ဦးကို ရွေးချယ်ခဲ့ရာမှာ ပြီးခဲ့တဲ့သက်တမ်းအတွင်းရွေးချယ်ခံခဲ့ရတဲ့ ဥက္ကဌဟောင်းဗိုလ်ချုပ်ကြီး မူးတူးစေဖိုးကိုပဲပြန်လည်ရွေးချယ်ခဲ့ကြပါတယ်။ အလုပ်အမှုဆောင်ကိုတော့ ထိပ်ပိုင်းခေါင်းဆောင်၅ဦးကပဲ ဆက်လက်ရွေးချယ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် VOA မြန်မာပိုင်း သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ကွန်ကရက်ကနေ ရွေးချယ်ခံကိုယ်စားလှယ်၂၁၇ ဦးထဲက ဧပြီလ၆ ရက်နေ့မှာကိုယ်စားလှယ် ၆၀ကိုရွေးချယ်ခဲ့ပြီးနောက် ရွေးကောက်ပွဲဒုတိယနေ့ မှာတော့ကိုယ်စားလှယ် ၄၁ဦးကိုထပ်မံရွေးချယ်ခဲ့တာပါ။ဒီကိုယ်စားလှယ်တွေထဲကမှ စနေနေမှာတော့ အရင်ကေအန်ယူဥက္ကဌဟောင်းဗိုလ်ချုပ်ကြီး စောမူးတူးစေဖိုးနဲ့ အတွင်းရေး မူးဖဒိုကွယ်ထူးဝင်းတို့ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၅ဦးကိုရွေးချယ်ခံခဲ့ရကြောင်း တွဲဘက်အထွေထွေအတွင်းရေးမှုး(၂)အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ဖဒိုစောလှထွန်းကအခုလိုပြောပါတယ်။

“ကေအင်ယူဘက်က အခုနက ဒီလို ရွေးကောက်တင်မြှောက်တာပေါ့နော်။ဒီထဲမှာ လက်ရှိဥက္ကဌကတော့ ဥက္ကဟောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးပေါ့။ ဒုဥက္ကဌကတော့ အရင်က အထွေထွေအတွင်းရေးမှုးဖြစ်တဲ့ ဖဒိုကွယ်ထူးဝင်းပေါ့။ အထွေထွေအတွင်းရေးမှုးနေရာမှာကတော့ ခုနက ကျနော်တို့ အရင်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖြစ်တဲ့ ပဒိုစောတာဒိုမူး ပေါ့၊ တွဲဘက်အထွေထွေအတွင်းရေးမှုး ၁ ကတော့ ပဒိုစောဆဲပွယ် ပေါ့။ နောက်တွဲဘက် အထွေထွေအတွင်းရေးမှုး ၂ ကတော့ ကျနော့်ကို အများက ရွေးကောက်တင်မြှောက်တာပေါ့။ ဒါက ကျနော်တို့ စီမံရေးပေါ့နော်။”

ကေအန်ယူ ၁၉၄၇ခုနှစ်ကစတင်ဖွဲစည်းခဲ့ပြီး ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ အတွက် ၁၉၄၉ ခုနှစ်ကနေ စတင်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တာလို့ ဆိုပါတယ်။ သူတို့ရဲ့ လက်ရှိရည်မှန်းချက်ကလည်း ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ ဖြစ်တယ်လို့ပြောသွားပါတယ်။

“ကေအန်ယူတွေအပေါ်မှာ ကျနော်တို့ ပြောချင်တာကတော့ အဓိက ကတော့ ကေအန်ယူ အစည်းအရုံးကတော့ ၁၉၄၇ ကတည်းက စဖွဲ့လာတာပေါ့နော်။ ၁၉၄၉ ကနေ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးနဲ့ နောက် ကျနော်တို့လိုချင်တဲ့ အမျိုးသားရေးဆန္ဒ၊ နိုင်ငံရေးဆန္ဒတွေပေါ်ပေါက်ဖို့အတွက် လက်နက်ကိုင်တိုက်ပွဲနဲ့ ကျနော်တို့ ဆင်နွဲခဲ့ရတာပေါ့။ အခု ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ သွားနေတဲ့၊ တည်ဆောက်နေတဲ့ ကျနော်တို့ တိုက်ပွဲမျိုးလမ်းကြောင်းကတော့ ကျနော်တို့တည်ဆောက်ချင်တဲ့ အတူအကွယှဉ်တွဲနေထိုင်ရေး ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ တည်ဆောက်မှုကြီးကို ကျနော်တို့ တည်ဆောက်ရမှာဖြစ်တာပေါ့နော်။”

မကြာခင်ရက်ပိုင်းမှာတော့ ကေအန်ယူညီလာခံကျင်းပမှုတွေ ပြီးဆုံးတော့မှာဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ကွန်ကရက်အတွင်း ချမှတ်ထားတဲ့အဆိုပြုလွာတွေကိုဆက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကွန်ဂရက်မှာ ခုနက ကျနော်တို့ ပြောသွားတဲ့ အဆိုတင်ရမယ့် အဆိုပြုလွှာတွေကို ကျနော်တို့ ဆက်လက်ဆွေးနွေးသွားဖို့ရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ အထွေထွေကဏ္ဍမှာ လည်း ကွန်ဂရက်ကာလတုန်းက ကျနော်တို့ ဆွေးနွေးထားတဲ့ ရှေ့ဆက် ရှေ့လုပ်ငန်းစဉ်တွေမှာ ပါဝင်မယ့် ဥပမာ ဒီအဖွဲ့ဝင်လုပ်ငန်းဆိုင်ရာတွေကို ဆက်လက်ဆွေးနွေးဖို့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေအရပဲဖြစ်ဖြစ်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားမှာပေါ့နော်”

ကေအန်ယူဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို တခြားလက်နက်ကိုင် ၇ ဖဲ့ွနဲ့အတူ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ၁၅ရက်နေ့က လက်မှတ်ရေးထိုးထားခဲ့ပါတယ်။ ကေအန်ယူကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ခုနှစ်မှာ စတင်ဖွဲစည်းခဲ့ပြီး အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် နှစ်ရှည်ကြာစွာ လက်နက်ကိုင်တိုက်ခဲ့ပြီး တပ်ပေါင်းစုတွေကိုဦးဆောင်ခဲ့တဲ့ အင်အားကြီးတဲ့ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ကျော်အကြာမှာတော့ မြန်မာအစိုးရနဲ့ အပစ်အခပ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့တာ့ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG